Tuesday, April 7, 2026

ကျေးဇူးတင်လွှာ (ACKNOWLEDGEMENTS)

 ကျေးဇူးတင်လွှာ (ACKNOWLEDGEMENTS)

“မြတ်စွာဘုရားရှင်၏ သွားတော်များ - ထေရဝါဒ ရိုးရာယုံကြည်မှု မှတ်တမ်းများနှင့် မျက်မှောက်ခေတ် ရှေးဟောင်းသုတေသန အထောက်အထားများအား အပြန်အလှန်ဖြည့်ဆည်းမှု ရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာလေ့လာချက်” ဟူသော ဤပါရဂူဘွဲ့ သုတေသနကျမ်းကြီး အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသူများအားလုံးကို ပထမဦးစွာလှိုက်လှဲစွာကျေးဇူးတင် မှတ်တမ်းတင် အပ်ပါသည်။

အထူးသဖြင့် ဤသုတေသနကျမ်းကြီးကို စနစ်တကျဖြစ်စေရန် အစမှအဆုံးတိုင် အချိန်ပေး၍ လမ်းညွှန်ပြသ၊ တည့်မတ်၊ ကြီးကြပ်ပေးခဲ့ကြပါသော ကြီးကြပ်ရေးမှူး (Supervisors) ဆရာသမားများနှင့် ပါမောက္ခများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ဤကျမ်းစာအုပ်ကို ရေးသားပြုစုနေစဉ်အတွင်း မိမိ၏ လက်တော့ပ် (Laptop) ကွန်ပျူတာ ပျက်သွားခဲ့သဖြင့် လုပ်ငန်းစဉ်များ ရပ်တန့်သွားမည့် အခက်အခဲကြီးနှင့် ကြုံတွေ့ခဲ့ရပါသည်။ ထိုသို့ အခက်အခဲဖြစ်နေချိန်တွင် မိမိအား လက်တော့ပ် လိုလိုလားလား ငှားရမ်းကူညီပေးခဲ့သော "Puja Mahattra" အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ သူမ၏ အချိန်မီ ကူညီပံ့ပိုးမှုသာ မရှိခဲ့လျှင် ဤကျမ်းစာအုပ် ရေးသားခြင်းလုပ်ငန်းစဉ်သည် ယခုကဲ့သို့ အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်မည် မဟုတ်ပါ။

ဤသုတေသနအတွက်ခရီးစဉ်များဖြစ်သော သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ နှင့် ကမ္ဘောဒီးယား စသည့် နိုင်ငံများသို့ သွားရောက်ရာတွင် နေထိုင်ရေး၊ သွားလာရေးနှင့် လိုအပ်သည့် သတင်းအချက်အလက်များ ရရှိရေးတို့အတွက် အဘက်ဘက်မှ လိုလေသေးမရှိအောင် အစစအရာရာ ကူညီစောင့်ရှောက်ပေးခဲ့ကြသော ကျေးဇူးရှင် ရဟန်းသံဃာတော်များ၊ ဆွေမျိုးမိတ်ဆွေများ၊ ဥပဒေပညာရှင်များနှင့် စေတနာရှင် လူဒကာ၊ ဒကာမ အပေါင်းတို့ကိုလည်း ရိုသေလေးမြတ်စွာ ကျေးဇူးတင်ရှိပါသည်။

ထို့အပြင် သွားတော်မြတ်များနှင့် ပတ်သက်၍ သိပ္ပံနည်းကျ DNA စစ်ဆေးမှုများ၊ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ရာတွင် ကူညီပံ့ပိုးပေးခဲ့ကြသော ယူနိုက်တက်ကင်းတမ်း UK။အစ္စရေး (Israel)၊ အမေရိကန် (USA)၊ ဂျပန် (Japan) နှင့် အိန္ဒိယ (India) နိုင်ငံတို့မှ ဓာတ်ခွဲခန်းပညာရှင်များ (Lab Technicians) နှင့် သိပ္ပံပညာရှင်များကိုလည်းကောင်း၊ အဆိုပါ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ကုန်ကျစရိတ်များကို သဒ္ဓါတရား ထက်သန်စွာဖြင့် ထောက်ပံ့လှူဒါန်းပေးခဲ့ကြသော အလှူရှင် ဒကာ၊ ဒကာမများ ကိုလည်းကောင်း အထူးပင် ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။

ဤသုတေသနကျမ်းကြီး အောင်မြင်စွာ ဖြစ်မြောက်လာစေရန် ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ နည်းအမျိုးမျိုးဖြင့် ကူညီပံ့ပိုးပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ထိုသူအားလုံးတို့ သည် ဤဓမ္မဒါန ဓမ္မသုတေသန ကုသိုလ်၏ အကျိုးဆက်ကြောင့် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

သုတေသီ

Venerable Dhammasami

Ph.D. (Peace Studeis) Thesis,M.A(Pali)

 Founder/Siridantamahapalaka

 Office Of Siridantamahapalaka

The Hswagata Buddha Tooth Relics Preservation Private Museum.


No comments:

Post a Comment

Note: Only a member of this blog may post a comment.