Tuesday, April 7, 2026

CHAPTER I မြတ်စွာဘုရားရှင်၏ သွားတော်များ - ထေရဝါဒ ရိုးရာယုံကြည်မှု မှတ်တမ်းများနှင့် မျက်မှောက်ခေတ် ရှေးဟောင်းသုတေသန အထောက်အထားများအား အပြန်အလှန်ဖြည့်ဆည်းမှု ရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာလေ့လာချက်။

 CHAPTER I 

INTRODUCTION

1.1 သုတေသန ခေါင်းစဉ် Title of the Research

မြတ်စွာဘုရားရှင်၏ သွားတော်များ - ထေရဝါဒ ရိုးရာယုံကြည်မှု မှတ်တမ်းများနှင့် မျက်မှောက်ခေတ် ရှေးဟောင်းသုတေသန အထောက်အထားများအား အပြန်အလှန်ဖြည့်ဆည်းမှု ရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာလေ့လာချက်။ 

1.2 Background and Significance of the Problems

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ကြွင်းကျန်ရစ်သော သရီရဓာတ်တော်မွေတော်များကို ကိုးကွယ်ဆည်းကပ်ခြင်းသည် အိန္ဒိယတိုက်ငယ်မှစ၍ အာရှတိုက်တစ်ခွင်လုံးရှိ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်မားဆုံးသော သဒ္ဓါတရားနှင့် အခြေခံအကျဆုံးသော ဘာသာရေး အလေ့အထ (Core Religious Practice) တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာ သမိုင်းပညာရှင် John S. Strong ၏ လေ့လာချက်အရ၊ ဓာတ်တော်မွေတော်များသည် သာမန် ရုပ်ကြွင်းအကြွင်းအကျန်များ (Mere human remains) မဟုတ်ဘဲ၊ မြတ်စွာဘုရားရှင်၏ အဆုံးအမနှင့် ဘုန်းတန်ခိုးအာနုဘော်တို့ ဆက်လက်ကိန်းဝပ်နေသော "သက်ရှိထင်ရှား ရှိနေမှု" (Active Living Presence) အဖြစ် ရှေးခေတ် ဗုဒ္ဓဘာသာဝင်များက အခိုင်အမာ ယုံကြည်ခဲ့ကြသည်။ ဤယုံကြည်မှုသည် ဗုဒ္ဓဘာသာနိုင်ငံအသီးသီးတွင် စေတီပုထိုးများ တည်ထားကိုးကွယ်မှုနှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ တည်ဆောက်မှုတို့၏ အဓိက မဏ္ဍိုင်ဖြစ်လာခဲ့သည်။

"တိဋ္ဌန္တေ ဝါ နိဗ္ဗုတေ ဝါ၊ သမေ စိတ္တေ သမံ ဖလံ။" 

 (ဘာသာပြန် - မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ဖြစ်စေ၊ ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသည်ဖြစ်စေ စိတ်အကြည်ညိုု ညီတူမျှပါက ရရှိသော အကျိုးတူမျှ၏။)

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ကြွင်းကျန်ရစ်သော သရီရဓာတ်တော်မွေတော်များကို ကိုးကွယ်ဆည်းကပ်ခြင်းသည် အိန္ဒိယတိုက်ငယ်မှ စတင်၍ အာရှတိုက်တစ်ခွင်လုံးရှိ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်မားဆုံး သော သဒ္ဓါတရားနှင့် အခြေခံအကျဆုံးသော ဘာသာရေး အလေ့အထ (Core Religious Practice) တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာ သမိုင်းပညာရှင် John S. Strong ၏ Relics of the Buddha ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း၊ ဓာတ်တော်မွေတော်များသည် သာမန် ရုပ်ကြွင်းအကြွင်းအကျန်များ (Mere human remains) မဟုတ်ဘဲ၊ မြတ်စွာဘုရားရှင်၏ အဆုံးအမနှင့် ဘုန်းတန်ခိုးအာနုဘော်တို့ ဆက်လက်ကိန်းဝပ်နေသော "သက်ရှိထင်ရှား ရှိနေမှု" (Active Living Presence) အဖြစ် ရှေးခေတ် ဗုဒ္ဓဘာသာဝင်များက အခိုင်အမာ ယုံကြည်ခဲ့ကြသည်။ ဤယုံကြည်မှုသည် ဗုဒ္ဓဘာသာ ပြန့်ပွားရာ နိုင်ငံအသီးသီးတွင် စေတီပုထိုးများ တည်ထားကိုးကွယ်မှု၊ ဘုန်းတော်ကြီးကျောင်းများ ဖြစ်ပေါ်လာမှုနှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ တည်ဆောက်မှုတို့၏ အဓိက အသက်သွေးကြော ဖြစ်လာခဲ့သည်။

ထေရဝါဒဗုဒ္ဓဘာသာတွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များအား ကိုးကွယ်ဆည်းကပ်ခြင်းသည် အလွန်အရေးပါသော အခြေခံကျင့်စဉ်တစ်ရပ်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဓာတ်တော်များကို ခွဲဝေပူဇော်ခဲ့ကြပြီး၊ ထိုဓာတ်တော်များသည် ဘုရားရှင်၏ ကိုယ်စားအဖြစ် ယုံကြည်သက်ဝင်ကာ အာရှတိုက်တစ်လွှားရှိ ဗုဒ္ဓဘာသာနိုင်ငံများတွင် အထွတ်အမြတ်ထား ပူဇော်ခဲ့ကြပါသည်။

"သုဏန္တု ဘောန္တော မမ ဧကဝါကျံ ... တသ္မာ ဘောန္တော သမ္မာ ဝိဘဇာမ အဋ္ဌဘာဂေ။" 

(ဘာသာပြန် - အို အရှင်တို့... ငါ၏စကားတစ်ခွန်းကို နားထောင်ကြပါကုန်... ထို့ကြောင့် အရှင်တို့ ဓာတ်တော်များကို ရှစ်စု အညီအမျှ ခွဲဝေကြပါစို့။)

 သမိုင်းအထောက်အထားများအရ အသောကမင်းကြီးလက်ထက်မှစ၍ ဓာတ်တော်များ ဖြန့်ဝေပူဇော်မှုသည် ဗုဒ္ဓဘာသာသာသနာပြုလုပ်ငန်း၏ အဓိကမဏ္ဍိုင်ဖြစ်လာခဲ့ပြီး၊ ယင်းအလေ့အထသည် ထေရဝါဒနိုင်ငံများ၏ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ အဆောက်အအုံများကို ပိုမိုခိုင်မာစေခဲ့ပါသည်။ ထို့ကြောင့် ဓာတ်တော်ပူဇော်ခြင်း ယုံကြည်မှုသည် ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ နေ့စဉ်ဘဝနှင့် ရိုးရာယဉ်ကျေးမှုအတွင်း နက်ရှိုင်းစွာ ကိန်းဝပ်နေသော အနှစ်သာရတစ်ခု ဖြစ်လာခဲ့ပါသည်။

"စတုရာသီတိသဟဿာနိ နဂရာနိ ဇိယာ မုခါ၊ စတုရာသီတိ သဟဿာနိ ဝိဟာရေ တေဟိ ကာရယိ။" 

(ဘာသာပြန် - အသောကမင်းကြီးသည် မြို့ပေါင်း ရှစ်သောင်းလေးထောင်တို့၌ ဝိဟာရကျောင်းနှင့် စေတီ ရှစ်သောင်းလေးထောင်တို့ကို တည်ထားကိုးကွယ်စေခဲ့၏။)

ထေရဝါဒ ဗုဒ္ဓဘာသာ၏ မူရင်းကျမ်းဂန်များဖြစ်သော ပါဠိပိဋကတ်တော်လာ ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ် (Mahaparinibbana Sutta, Digha Nikaya) တွင် မြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်ပြီးနောက် ဓာတ်တော်များ ခွဲဝေပုံ (Dhatu-vibhaga) ကို အတိအကျ မှတ်တမ်းတင်ထားသည်။ 

"သရီရေ ဈာယမာနေ ဆဝိယာ ဝါ စမ္မဿ ဝါ မံသဿ ဝါ... နေဝ ဆာရိကာ ပညာယိတ္ထ န မသိ၊ သရီရိကာနိယေဝ အဝသိဋ္ဌာနိ။"

(ဘာသာပြန် - ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်သောအခါ အရေပါး၊ အရေထူ၊ အသား... တို့၏ ပြာသည်လည်းကောင်း၊ မှိုင်းသည်လည်းကောင်း မထင်ရှား၊ သရီရဓာတ်တော်များသာလျှင် ကြွင်းကျန်ရစ်လေ၏။)

ယင်းမှတ်တမ်းများနှင့် နောက်ပိုင်းပေါ်ပေါက်လာသော သီဟိုဠ်ရာဇဝင်ကျမ်းများ (ဥပမာ- မဟာဝံသ နှင့် ဒါဌာဝံသ) အရ သွားတော်များနှင့် ပတ်သက်လာလျှင် အကန့်အသတ်ဖြင့်သာ ဖော်ပြလေ့ရှိပြီး၊ အထူးသဖြင့် စွယ်တော် (၄) ဆူ (Four Canine Teeth) ကိုသာ အဓိကထား၍ အထွတ်အမြတ် မှတ်တမ်းတင်ခဲ့ကြသည်။ ၎င်းစွယ်တော် ၄ ဆူအနက် တစ်ဆူမှာ တာဝတိံသာနတ်ပြည်၊ တစ်ဆူမှာ နဂါးပြည်၊ တစ်ဆူမှာ ဂန္ဓာရတိုင်း နှင့် ကျန်တစ်ဆူမှာ ကလိင်္ဂတိုင်း (နောင်တွင် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့) သို့ ရောက်ရှိကိန်းဝပ်ခဲ့ကြောင်း ရိုးရာယုံကြည်မှု မှတ်တမ်းများ (Traditional Theravada Narratives) က ဆိုသည်။ 

"ဧကာ ဟိ ဒါဌာ တိဒိဝေဟိ ပူဇိတာ၊ ဧကာ ပန နာဂပုရေ မဟီယတိ။ ဧကာ စ ဂန္ဓာရပုရေ ပသတ္ထာ၊ ဧကာ ပုန ကာလိင်္ဂရညော ဝိဇိတေ။"

(ဘာသာပြန် - စွယ်တော်တစ်ဆူကို တာဝတိံသာနတ်တို့ ပူဇော်ကြ၍၊ တစ်ဆူကို နဂါးပြည်၌ ပူဇော်ကြကုန်၏။ တစ်ဆူကို ဂန္ဓာရတိုင်း၌ ကိုးကွယ်ကြ၍၊ ကျန်တစ်ဆူကို ကလိင်္ဂမင်း၏ တိုင်းနိုင်ငံ၌ ပူဇော်ကြကုန်၏။)

ဘာသာရေးမနုဿဗေဒ ပညာရှင် Kevin Trainor က ဤသို့ ၄ ဆူတည်း ဖော်ပြခြင်းသည် သမိုင်းအချက်အလက်ကို ကန့်သတ်ထားခြင်း (Historical limitation) မဟုတ်ဘဲ၊ ဩဇာအကြီးမားဆုံးသော ဓာတ်တော်များကို ဗဟိုပြု၍ စကြာဝဠာတစ်ခွင် လွှမ်းခြုံမှုကို သင်္ကေတပြု ဖော်ဆောင်သည့် "ဝိညာဉ်ရေးရာနှင့် ကယ်တင်ခြင်းဆိုင်ရာ သမိုင်းကြောင်း" (Soteriological and Spiritual Narrative) ဖြစ်ကြောင်း သူ၏ Relics, Ritual, and Representation in Buddhism ကျမ်းတွင် အကျယ်တဝင့် ရှင်းလင်းထားပါသည်။

သို့ရာတွင် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်း ကာလများ၌ မျက်မှောက်ခေတ် ရှေးဟောင်းသုတေသန ပညာရပ်များ (Modern Archaeology) ထွန်းကားလာသောအခါ၊ ထေရဝါဒ ရိုးရာမှတ်တမ်းများ၏ ဖော်ပြချက်နှင့် ကွာဟနေသော အလွန်အံ့မခန်းဖွယ်ကောင်းသည့် မြေပြင်အထောက်အထားများ ပေါ်ထွက်လာခဲ့သည်။ အိန္ဒိယ ရှေးဟောင်းသုတေသနဌာန (Archaeological Survey of India - ASI) ၏ တူးဖော်မှု မှတ်တမ်းများနှင့် နိုင်ငံတကာ ပြတိုက်ကြီးများရှိ အထောက်အထားများအရ၊ သွားတော်နှင့် အံတော်များ (Tooth and Molar Relics) သည် အရေအတွက်အားဖြင့် ၄ ဆူထက်မက များစွာပိုမို ပျံ့နှံ့တည်ရှိနေကြောင်း ခိုင်မာစွာ တွေ့ရှိခဲ့ရသည်။

ဥပမာအားဖြင့် Sir John Marshall ဦးဆောင်တူးဖော်ခဲ့သော တက္ကသီလာ (Taxila) ရှိ ဓမ္မရာဇိကစေတီ (Dharmarajika Stupa)၊ Charles Masson နှင့် Jules Barthoux တို့ တူးဖော်ခဲ့သော အာဖဂန်နစ္စတန်ရှိ ဗိမရန်စေတီ (Bimaran Stupa) နှင့် ဟဒ္ဒ (Hadda) ဒေသရှိ စေတီတော်များ၊ Domenico Faccenna တူးဖော်ခဲ့သော ဆွတ်တောင်ကြားရှိ ဘဂ္ဂရစေတီ (Butkara Stupa) အစရှိသော နေရာများမှ ရွှေ၊ ငွေ ဓာတ်တော်ကြုတ် များနှင့်အတူ "သွားတော်များ" ကို တူးဖော်ရရှိခဲ့သည်။ 

ပို၍အရေးကြီးသည်မှာ ယင်းဓာတ်တော်ကြုတ်များပေါ်တွင် ရေးထိုးထားသော ခရိုရှသီ (Kharoṣṭhī) နှင့် ဗြာဟ္မီ (Brahmi) ကမ္ပည်းစာများတွင် ထိုဓာတ်တော်များကို မြတ်စွာဘုရားရှင်၏ "ဒန္တာ" (Danta - သွားတော်) အဖြစ် ရှေးခေတ်ဒါယကာများက အခိုင်အမာ ယုံကြည်ကမ္ပည်းထိုး၍ ကိုးကွယ်ခဲ့ကြကြောင်း ကမ္ပည်းစာပညာရှင် Richard Salomon က အတည်ပြုထားပါသည်။

ဤသို့ ရိုးရာမှတ်တမ်းများပါ "စွယ်တော် ၄ ဆူ" ဟူသော အရေအတွက်နှင့် ရှေးဟောင်းသုတေသန မြေပြင်တူးဖော်မှုများမှ တွေ့ရှိရသော "သွားတော်များစွာ" ဟူသည့် အချက်အလက်နှစ်ရပ် ပွတ်တိုက်မိသောအခါ ပညာရပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများ (Academic Debates) ပေါ်ပေါက်လာခဲ့သည်။ ယခင်က သုတေသီအများစုသည် ဤအချက်အလက်နှစ်ရပ်ကို "တစ်ခုက မှန်လျှင် တစ်ခုက မှားရမည်" (Contradiction or Mutually Exclusive) ဟူသော သဘောတရားဖြင့်သာ ချဉ်းကပ်ခဲ့ကြသည်။ စာပေပညာရှင်များ (Textual Scholars) က ရိုးရာကျမ်းဂန်ကိုသာ အကြွင်းမဲ့ အမှန်တရားအဖြစ် လက်ခံကြပြီး ရှေးဟောင်းတူးဖော်မှုများကို လျစ်လျူရှုလေ့ရှိကြသည်။ တစ်ဖက်တွင် ရှေးဟောင်းသုတေသီများ (Archaeologists) နှင့် သမိုင်းပညာရှင်များကလည်း ရုပ်ဝတ္ထုသက်သေကိုသာ အဓိကထား၍ ရိုးရာ     ကျမ်းဂန်များကို သမိုင်းအထောက်အထား မခိုင်လုံသော ဒဏ္ဍာရီများအဖြစ် ပစ်ပယ် လေ့ရှိကြသည်။ 

အမေရိကန် ရှေးဟောင်းသုတေသီ Gregory Schopen က သူ၏ နာမည်ကျော် Bones, Stones, and Buddhist Monks ကျမ်းတွင် ဤသို့ စာပေနှင့် မြေပြင်အထောက်အထားကို သီးခြားစီခွဲခြား လေ့လာခြင်းသည် ဗုဒ္ဓဘာသာသမိုင်း၏ အမှန်တရားကို ဖုံးကွယ်ရာရောက်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြခဲ့သည်။

ထို့ကြောင့် ရိုးရာယုံကြည်မှု မှတ်တမ်းများနှင့် သိပ္ပံနည်းကျ တူးဖော် တွေ့ရှိချက်များအကြား ဟန်ချက်ညီစွာ ပေါင်းစပ်ရှင်းလင်းပြနိုင်သော (Synthesized Analytical Study) ပညာရပ်ဆိုင်ရာ သုတေသနကျမ်းများ မရှိသလောက် ရှားပါးနေခြင်းသည် မျက်မှောက်ခေတ် ဗုဒ္ဓဘာသာ သုတေသနနယ်ပယ်၏ အဓိက သုတေသနကွက်လပ် (Academic Gap) ပင် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ သုတေသနနယ်ပယ်တွင် ဤကဲ့သို့ ရှေးဟောင်းသုတေသနတွေ့ရှိချက်များကို ပါဠိပိဋကတ်တော်များနှင့် ဓမ္မဓိဋ္ဌာန်ကျကျ ယှဉ်တွဲသုံးသပ်ထားသော ပါရဂူဘွဲ့အဆင့် သုတေသနကျမ်းမှာ လုံးဝ လိုအပ်လျက်ရှိပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားဗဟိုချက်တွင် ဓာတ်တော်မွေတော်များကို ပူဇော်ခြင်းသည် အခြေခံအကျဆုံးသော သာသနာပြုလုပ်ငန်းစဉ်တစ်ရပ်အဖြစ် တည်ရှိ နေပါသည်။ ဓာတ်တော်များသည် သာမန်ရုပ်ကြွင်းများမဟုတ်ဘဲ မြတ်စွာဘုရားရှင်၏ ဘုန်းတန်ခိုးအာနုဘော်နှင့် သက်ဝင်ယုံကြည်မှုကို ဆက်သွယ်ပေးသည့် အမှတ်အ သားများဖြစ်ပါသည်။ ထို့ကြောင့် သွားတော်ဓာတ် (Tooth Relics) များအကြောင်းကို လေ့လာခြင်းသည် ဗုဒ္ဓဘာသာ၏ သမိုင်းကြောင်းနှင့် ယုံကြည်မှုစနစ်ကို နားလည်ရန် အတွက် အလွန်အရေးကြီးသော အစပျိုးမှုဖြစ်ပါသည်။

သို့သော်လည်း ရိုးရာကျမ်းဂန်လာ မှတ်တမ်းများနှင့် ခေတ်သစ် ရှေးဟောင်း သုတေသနဆိုင်ရာ တွေ့ရှိချက်များအကြား သိသာထင်ရှားသော ကွဲလွဲချက်များ (Discrepancies) တည်ရှိနေသည်ကို တွေ့ရှိရပါသည်။ သုတ္တန်ပိဋကတ်၊ မဟာပရိနိဗ္ဗာန် သုတ်အရ မြတ်စွာဘုရားရှင်၏ သွားတော် (၄) ဆူသာ ကြွင်းကျန်ရစ်ပြီး လူ့ပြည်တွင် (၂) ဆူသာ ရှိသည်ဟု ဖော်ပြထားသော်လည်း၊ လက်တွေ့ ရှေးဟောင်းသုတေသန နယ်ပယ်တွင်မူ အိန္ဒိယနှင့် အခြားနိုင်ငံများရှိ စေတီပုထိုးများမှ သွားတော်ဓာတ်မြောက်မြား စွာကို ထပ်မံတွေ့ရှိနေရခြင်းဖြစ်ပါသည်။ ဤကဲ့သို့သော ကျမ်းဂန်လာအချက်အလက်နှင့် လက်တွေ့မြေပြင်တွေ့ရှိချက်များအကြားရှိ တင်းမာမှု (Tension) သည် ဤသုတေသနပြုလုပ်ရန်အတွက် အဓိကကျသော ပြဿနာတစ်ရပ်ဖြစ်လာပါသည်။

ဤပြဿနာကို ဖြေရှင်းရန် ကြိုးစားခြင်းသည် ခေတ်သစ်ထေရဝါဒ ဗုဒ္ဓဘာသာ ပညာရေး နယ်ပယ်အတွက် များစွာအရေးပါလှပါသည်။ John W. Creswell ၏ အဆိုအရ ရှုပ်ထွေးသော လူမှုယဉ်ကျေးမှုဖြစ်စဉ်များကို နားလည်ရန်အတွက် မတူညီသော ရှုထောင့်များကို ပေါင်းစပ်ခွဲခြမ်းစိတ်ဖြာရန် လိုအပ်ကြောင်း ထောက်ပြထားပါသည်။ ထို့ကြောင့် ဤကွာဟချက်ကို ပညာရပ်ဆိုင်ရာ ရှုထောင့်မှ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် သဒ္ဓါတရားနှင့် အသိဉာဏ် (Faith and Reason) ကို မျှတစွာ တည်ဆောက် နိုင်မည်ဖြစ်ပါသည်။

လက်ရှိ စာပေလေ့လာချက်များကို ဆန်းစစ်ကြည့်ရာတွင် မြန်မာဘာသာဖြင့် ရေးသားထားသော သုတေသနများ၌ ဤကဲ့သို့သော ပေါင်းစပ်ရှုထောင့်မှ လေ့လာမှုများ အားနည်းနေသည်ကို တွေ့ရှိရပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရှေးဟောင်းသုတေသနစာတမ်းများ ရှိသော်လည်း၊ မြန်မာထေရဝါဒ နောက်ခံသမိုင်း ကြောင်းနှင့် ပေါင်းစပ်၍ မြန်မာစာဖတ်ပရိသတ်အတွက် စနစ်တကျ တင်ပြထားသော သုတေသန Gap (ကွက်လပ်) တစ်ခု ရှိနေပါသည်။ ဤသုတေသနသည် ကျမ်းဂန်လာ narratives များနှင့် မျက်မှောက်ခေတ် empirical evidence များကို အပြန်အလှန် ချိန်ထိုးတင်ပြမည့် သုတေသနဖြစ်ပါသည်။

ဤသုတေသန၏ ရလဒ်များသည် သံဃာတော်များ၊ သမိုင်းပညာရှင်များနှင့် ပြတိုက်မှူးများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။ အထူးသဖြင့် "ဟိရီသြတ္တပ္ပ" (Hiri-Ottappa) အခြေခံသော ပညာရပ်ဆိုင်ရာ ကျင့်ဝတ်များဖြင့် အထောက်အထားများကို တင်ပြခြင်းဖြင့် ဘာသာရေးယုံကြည်မှုကို မထိခိုက်စေဘဲ အမှန်တရားကို ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။ ဤလေ့လာချက်သည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

ဤကျမ်းပြုသုတေသီ Bhikkhu Indasoma (Sao Dhammasami) ၏ Custodians of the Buddha’s Sacred Relics Vol. 1 ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း၊ ဓာတ်တော် မွေတော်များသည် ရှေးခေတ်ကတည်းကပင် နိုင်ငံရေး၊ သံတမန်ရေးနှင့် ကုန်သွယ်ရေးလ မ်းကြောင်းများ (Trade and Diplomatic Networks) မှတစ်ဆင့် ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဤ ကျမ်းပြုစုသူ ဤအရှင် သည် အထက်ပါ သုတေသနကွက်လပ်ကို ဖြည့်ဆည်းရန်နှင့်၊ ကျမ်းဂန်စာပေများ၏ ဖော်ပြချက်နှင့် ရှေးဟောင်းအထောက်အထား များသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေခြင်း (Contradiction) မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာ ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှု၏ ရှုပ်ထွေးနက်နဲမှု (Complexity of Buddhist Material Culture) ကို နည်းလမ်းအမျိုးမျိုးဖြင့် "အပြန်အလှန် ဖြည့်ဆည်းပေးနေကြောင်း" (Mutual Complementarity) ခိုင်မာစွာ သက်သေပြနိုင်ရန် ရည်ရွယ်၍ ဤသုတေသနအား စတင်ပြုစုရခြင်း ဖြစ်ပါသည်။




1.3 သုတေသန မေးခွန်းများ (Research Questions)

ဤသုတေသနသည် အောက်ဖော်ပြပါ အဓိက မေးခွန်း (၃) ရပ်ကို ဖြေဆိုနိုင်ရန် စူးစမ်းလေ့လာသွားမည် ဖြစ်သည်- 

(၁) မြတ်စွာဘုရားရှင်၏ သွားတော်များ ပျံ့နှံ့တည်ရှိမှုနှင့် ပတ်သက်၍ ထေရဝါဒ ရိုးရာယုံကြည်မှု မှတ်တမ်းများ (Traditional Theravada Narratives) တွင် ဝိညာဉ်ရေးရာနှင့် ကယ်တင်ခြင်းဆိုင်ရာ မူဘောင် (Soteriological framework) အဖြစ် မည်သို့ ပုံဖော် ဖော်ပြထားသနည်း။ 

(၂) မျက်မှောက်ခေတ် ရှေးဟောင်းသုတေသနနှင့် ကမ္ပည်းကျောက်စာ အထောက်အထားများ (Archaeological and Epigraphic Evidence) က သွားတော်များ အမှန်တကယ် ပျံ့နှံ့တည်ရှိမှုနှင့် ရှေးခေတ် ဗုဒ္ဓဘာသာဝင်တို့၏ လက်တွေ့ဘဝ ကိုးကွယ်ယုံကြည်မှု (Lived Religion) ကို မည်သို့ သက်သေပြနေသနည်း။ 

(၃) ရိုးရာယုံကြည်မှု မှတ်တမ်းများနှင့် ရှေးဟောင်းသုတေသန တွေ့ရှိချက်များသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေခြင်း (Contradiction) မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာ ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှု၏ ရှုပ်ထွေးနက်နဲမှုကို မည်သို့ "အပြန်အလှန် ဖြည့်ဆည်း" (Mutual Complementarity) ပေးနေသနည်း။

1.4 သုတေသန၏ ရည်ရွယ်ချက်များ (Objectives of the Research)

ဤသုတေသန၏ အဓိက ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်- 

(၁) မြတ်စွာဘုရားရှင်၏ သွားတော်များ ပျံ့နှံ့တည်ရှိမှုနှင့် ပတ်သက်၍ ထေရဝါဒ ရိုးရာယုံကြည်မှု မှတ်တမ်းများ၏ ဘာသာရေးနှင့် သမိုင်းဆိုင်ရာ ဩဇာလွှမ်းမိုးမှုများကို ဖော်ထုတ်တင်ပြရန်။ 

(၂) သွားတော်များ အမှန်တကယ် ပျံ့နှံ့တည်ရှိမှုနှင့် ပတ်သက်၍ မျက်မှောက်ခေတ် ရှေးဟောင်းသုတေသန၊ ဒင်္ဂါးဗေဒနှင့် ကမ္ပည်းကျောက်စာ တွေ့ရှိချက်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာရန်။ 

(၃) ရိုးရာယုံကြည်မှု မှတ်တမ်းများနှင့် ရှေးဟောင်းသုတေသန တွေ့ရှိချက်များ အား  အသိပညာဗေဒ (Epistemology) ရှုထောင့်မှ နှိုင်းယှဉ်ပေါင်းစပ်၍၊ ၎င်းတို့၏ အပြန်အလှန်ဖြည့်ဆည်းမှု (Complementarity) သဘောတရားကို ပညာရပ်ဆိုင်ရာအရ ခိုင်မာစွာ တည်ဆောက်တင်ပြရန်။

1.5 သုတေသန၏ နယ်ပယ် (Scope of the Research)

1.5 သုတေသန၏ နယ်ပယ် (Scope of the Research) 

ဤကျမ်းပြုသုတေသနကို အောက်ပါ နယ်ပယ်သတ်မှတ်ချက်များ (Scopes) ၅ ရပ်အတွင်း၌ ဘောင်ခတ်၍ လေ့လာသွားမည် ဖြစ်သည်- 

1.5.1 အကြောင်းအရာ နယ်ပယ် (Scope of Content): 

ထေရဝါဒ ပါဠိပိဋကတ်တော်များ (အထူးသဖြင့် မဟာပရိနိဗ္ဗာနသုတ်)၊ သီဟိုဠ်ရာဇဝင် ကျမ်းများ၊ အိန္ဒိယ ရှေးဟောင်းသုတေသနဌာန (ASI) ၏ တရားဝင် တူးဖော်မှု အစီရင်ခံစာများနှင့် နိုင်ငံတကာပြတိုက်ကြီးများ၏ မော်ကွန်းတိုက်မှတ်တမ်းများကို အခြေခံမည်ဖြစ်သည်။ 

1.5.2 ပြောင်းလဲကိန်း နယ်ပယ် (Scope of Variables): 

ဤသုတေသန၏ ပြောင်းလဲကိန်းများမှာ အရည်အသွေးပိုင်းဆိုင်ရာ အဓိကအ ကြောင်းအရာများ (Qualitative Themes) ဖြစ်သော - (က) ရိုးရာယုံကြည်မှု ဆိုင်ရာ မှတ်တမ်းများ (Doctrinal Narratives) နှင့် (ခ) မျက်မှောက်ခေတ် ရှေးဟောင်းသုတေသန အထောက်အထားများ (Empirical Archaeological Evidence) တို့ ဖြစ်ကြသည်။ 

1.5.3 သတင်းပေးသူ/လူဦးရေ နယ်ပယ် (Scope of Key Informants/ Population): 

ဤကျမ်းသည် စာရွက်စာတမ်း အထောက်အထားများကိုသာ အခြေခံသော Documentary Research ဖြစ်သဖြင့်၊ အဓိက သတင်းပေးသူများမှာ သမိုင်းမှတ်တမ်းများ၊ ပိဋကတ်စာပေများနှင့် ပြတိုက်မော်ကွန်းတိုက် (Archives) များသာ ဖြစ်ပါသည်။ လူပုဂ္ဂိုလ်များကို လူတွေ့မေးမြန်းခြင်း ပြုလုပ်မည် မဟုတ်ပါ။ 

1.5.4 ဧရိယာ နယ်ပယ် (Scope of Area): 

အိန္ဒိယတိုက်ငယ်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် (ဂန္ဓာရ၊ တက္ကသီလာ၊ ဟဒ္ဒ) နှင့် သီရိလင်္ကာနိုင်ငံတို့ရှိ သမိုင်းဝင် စေတီတော်များကို အဓိက လေ့လာမည်ဖြစ်သည်။ 

1.5.5 အချိန်ကာလ နယ်ပယ် (Scope of Time): 

သမိုင်းပိုင်းဆိုင်ရာ လေ့လာမှုအတွက် ဘီစီ ၃ ရာစုမှ အေဒီ ၃ ရာစုအထိ ကာလကို အဓိကထားမည်ဖြစ်ပြီး၊ သုတေသနလုပ်ငန်းစဉ် တစ်ရပ်လုံးကို စီမံကိန်းချမှတ်ထားသော (၂) နှစ် ကာလအတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်သည်။


1.6 သုတေသန အဆိုကြမ်းများ (Research Hypotheses) 

Following Creswell’s qualitative research framework, this documentary research does not formulate statistical hypotheses. The study is exploratory and analytical, aiming to understand the complexity of material culture through qualitative synthesis rather than testing quantitative variables. 

(Qualitative Research ၏ သဘောသဘာဝအရ ကိန်းဂဏန်းအချက် အလက်များကို စမ်းသပ်စစ်ဆေးခြင်း မဟုတ်ဘဲ၊ ရှုပ်ထွေးနက်နဲသော သမိုင်းနှင့် ယဉ်ကျေးမှု အထောက်အထားများကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်သဖြင့် ဤကျမ်းတွင် အဆိုကြမ်း (Hypotheses) တည်ဆောက်ထားခြင်း မရှိပါ။)


1.7 ဝေါဟာရများ၏ အဓိပ္ပာယ်သတ်မှတ်ချက် (Definitions of Terms)

ဤသုတေသနတွင် ပါဝင်သော အဓိကဝေါဟာရများကို ပညာရပ်ဆိုင်ရာ ရှုထောင့်မှ အောက်ပါအတိုင်း အတိအကျ အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်-

(က) သွားတော်မြတ် (Tooth Relic / Danta): ရိုးရာဇီဝဗေဒ သဘောတရားအရ လူသားတစ်ဦး၏ သွား (Biological Human Tooth) ဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက် သက်သက်ကိုသာ ဆိုလိုခြင်း မဟုတ်ပါ။ ဤကျမ်းတွင် "သွားတော်မြတ်" ဟူသည်မှာ- "ရှေးခေတ် ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမများနှင့် အုပ်စိုးသူမင်းများက မြတ်စွာ ဘုရားရှင်၏ ကိုယ်စားပြု သရီရဓာတ်တော် သို့မဟုတ် သွားတော်အဖြစ် အခိုင်အမာ ယုံကြည်၍ ကမ္ပည်းကျောက်စာများ ရေးထိုးကာ (Identified by Inscriptions) အမြင့်မြတ်ဆုံးသော သဒ္ဓါတရားဖြင့် ဋ္ဌာပနာကိုးကွယ်ခဲ့ကြသည့် သမိုင်းဝင် ရုပ်ဝတ္ထုပစ္စည်းများ" ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။ ဤဖွင့်ဆိုချက်သည် ရိုးရာကျမ်းဂန်လာ စွယ်တော် ၄ ဆူ (Canine teeth) သာမက၊ ရှေးဟောင်းတူးဖော်မှုများမှ တွေ့ရှိရသော အခြားသော အံသွားတော်များနှင့် ဓာတ်တော်များကိုပါ လွှမ်းခြုံနိုင်ရန် ရည်ရွယ်ပါသည်။

(ခ) ဗုဒ္ဓဘာသာ ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှု (Buddhist Material Culture): စေတီတော်များ၊ ဓာတ်တော်ကြုတ်များ (Reliquaries)၊ ကမ္ပည်းစာများနှင့် ဓာတ်တော်မွေတော်များ အပါအဝင် မျက်မြင်တွေ့ရှိနိုင်သော ရုပ်ပိုင်းဆိုင်ရာ အထောက်အ ထားများကို ဆိုလိုသည်။ ဤရုပ်ဝတ္ထုများသည် သက်မဲ့ပစ္စည်းများ မဟုတ်ဘဲ၊ ရှေးခေတ် နိုင်ငံရေးအာဏာ တည်ဆောက်မှု (Political Legitimacy)၊ ကုန်သွယ်ရေး လမ်းကြောင်း များ ချိတ်ဆက်မှု (Trade Networks) နှင့် လူမှုအဖွဲ့အစည်းများ၏ ဘာသာရေး ယုံကြည်မှု (Lived Religion) အပေါ် သက်ရောက်မှု ကြီးမားသည့် "တက်ကြွသော စွမ်းအားရှိသည့် အရာများ" (Agents of Active Presence) အဖြစ် သတ်မှတ်ပါသည်။

(ဂ) အပြန်အလှန် ဖြည့်ဆည်းမှု (Mutual Complementarity): မှတ်တမ်းစာပေများ (Texts) နှင့် ရှေးဟောင်းရုပ်ဝတ္ထုများ (Objects) သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် သို့မဟုတ် အမှားအမှန် ယှဉ်ပြိုင်နေခြင်း (Contradiction) မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာ သမိုင်းဟူသော အကြွေစေ့တစ်စေ့တည်း၏ မျက်နှာစာ နှစ်ဖက်ကဲ့သို့ တစ်ခု၏ ကွက်လပ်ကို အခြားတစ်ခုက ဖြည့်ဆည်းပေးနေသော သဘောတရားကို ဆိုလိုပါသည်။

(ဃ) Operational Definition: ဤသုတေသနတွင် သွားတော်များဆိုသည်မှာ ထေရဝါဒ ရိုးရာမှတ်တမ်းများတွင် ဖော်ပြထားသော စွယ်တော် (၄) ဆူအပြင်၊ ASI နှင့် နိုင်ငံတကာ ရှေးဟောင်းသုတေသန မှတ်တမ်းများအရ ဓမ္မရာဇိက၊ ဗိမရန်၊ ဟဒ္ဒ အစရှိသော စေတီတော်များမှ တူးဖော်တွေ့ရှိရသည့် ဓာတ်တော်များကိုပါ လွှမ်းခြုံ ဆိုလိုပါသည်။

Archaeological Evidence (ရှေးဟောင်းသုတေသန အထောက်အထား):

Conceptual Definition: အတိတ်ကာလက လူသားများ ဖန်တီးချန်ရစ်ခဲ့သော အဆောက်အအုံ၊ ပစ္စည်းကိရိယာနှင့် ကမ္ပည်းစာများကို တူးဖော်လေ့လာသော သိပ္ပံနည်းကျ အထောက်အထားများ ဖြစ်သည်။

Operational Definition: ဤသုတေသနအတွက် ASI တူးဖော်မှုများမှ တွေ့ရှိရသော ခရိုရှသီ၊ ဗြာဟ္မီ ကမ္ပည်းစာများ၊ ဒင်္ဂါးပြားများနှင့် ဓာတ်တော်ကြုတ် (Reliquaries) များကို အဓိပ္ပာယ် ဖွင့်ဆိုပါသည်။


1.8 သဘောတရားရေးရာ မူဘောင် (Conceptual Framework)

ဤသုတေသန၏ သဘောတရားရေးရာ မူဘောင် (Conceptual Framework) ကို အောက်ပါ ဒေါက်တိုင် (၃) ရပ်ဖြင့် ခိုင်မာစွာ တည်ဆောက်ထားပါသည်- 

(၁) ဝိညာဉ်ရေးရာနှင့် ကယ်တင်ခြင်းဆိုင်ရာ မူဘောင် (Soteriological Framework): သမိုင်းပညာရှင် John S. Strong ၏ အယူအဆအပေါ် အခြေခံ၍၊ ရိုးရာမှတ်တမ်းများပါ သွားတော် (၄) ဆူ အကြောင်းသည် ဗုဒ္ဓ၏ ဩဇာအာဏာ စကြာဝဠာတစ်ခွင် လွှမ်းခြုံမှုကို ပြသသော သဘောတရားအဖြစ် လေ့လာခြင်း။  

(၂) လက်တွေ့ဘဝ ကိုးကွယ်ယုံကြည်မှု မူဘောင် (Lived Religion Framework): ရှေးဟောင်းသုတေသီ Gregory Schopen ၏ အယူအဆအပေါ် အခြေခံ၍၊ ASI နှင့် နိုင်ငံတကာ ပြတိုက်မှတ်တမ်းများအရ သွားတော်များစွာ ပျံ့နှံ့တည်ရှိမှုကို ရှေးခေတ်လူသားများ၏ မြေပြင်လက်တွေ့ သဒ္ဓါတရားနှင့် အင်စတီကျူးရှင်း တည်ဆောက်မှု (Institutionalization) အဖြစ် လေ့လာခြင်း။

(၃) ပေါင်းစပ် ခွဲခြမ်းစိတ်ဖြာခြင်း (Analytical Synthesis): အထက်ပါ မူဘောင်နှစ်ခုကို Kevin Trainor ၏ "Rematerialization" သဘောတရားဖြင့် ဟန်ချက်ညီစွာ ပေါင်းစပ်၍၊ ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှု၏ ရှုပ်ထွေးနက်နဲမှုကို ဖော်ထုတ်ခြင်း ဖြစ်ပါသည်။

ဤသုတေသနတွင် အဓိကအားဖြင့် ထေရဝါဒ ရိုးရာစာပေကျမ်းဂန်များနှင့် ခေတ်သစ် ရှေးဟောင်းသုတေသန အထောက်အထားများဟူသော အဓိကရေစီးကြောင်း နှစ်ခုကို အခြေခံလေ့လာထားပါသည်။ ရိုးရာစာပေများ (ဥပမာ- မဟာပရိနိဗ္ဗာနသုတ်၊ ဒါဌာဝံသ) တွင် မြတ်စွာဘုရားရှင်၏ သွားတော် ၄ ဆူသာ ကြွင်းကျန်ခဲ့သည်ဟု အခိုင်အမာ ပြဆိုသော်လည်း၊ အိန္ဒိယ ရှေးဟောင်းသုတေသနဌာန (ASI) နှင့် ဥရောပပြတိုက်ကြီးများ၏ မြေပြင်တူးဖော်မှု မှတ်တမ်းများအရ သွားတော်နှင့် ဓာတ်တော်မွေတော်များ ကိန်းဝပ်ရာ စေတီအများအပြားကို အထောက်အထားခိုင်လုံစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ရပါသည်။

ယခင်သုတေသီအများစုနှင့် အနောက်တိုင်းပညာရှင်များသည် ရှေးဟောင်းသုတေသန ရှုထောင့် (Archaeological/Physical Reality) ကိုသာ အဓိကထားလေ့လာခဲ့ကြပြီး၊ ရိုးရာပညာရှင်များကမူ ကျမ်းဂန်လာ အကန့်အသတ် (Doctrinal Limit) ကိုသာ အာရုံစိုက်ခဲ့ကြပါသည်။ ထို့ကြောင့် ဤရှုထောင့်နှစ်ခုကြားမှ ကွာဟချက်ကို Qualitative နည်းစနစ်ဖြင့် အပြန်အလှန် ဖြည့်ဆည်းပေါင်းစပ်ပေးမည့် မြန်မာဘာသာဖြင့် ရေးသားထားသော ကျမ်းစာများ လစ်ဟာလျက်ရှိကြောင်း တွေ့ရှိရပါသည်။ (မှတ်ချက်။ ။ ဤဆက်စပ်စာပေများနှင့် သုတေသန ကွက်လပ် (Research Gap) အား အခန်း ၂ တွင် အကျယ်တဝင့် ဆက်လက် ခွဲခြမ်းစိတ်ဖြာ တင်ပြသွားမည် ဖြစ်ပါသည်။)

1.9 Literature Reviews

ဤသုတေသနသည် အရည်အသွေးပိုင်းဆိုင်ရာ မှတ်တမ်းသုတေသန (Qualitative Documentary Research) အမျိုးအစား ဖြစ်ပါသည်။ အချက်အလက် ကောက်ယူရာတွင် လူပုဂ္ဂိုလ်များအား တွေ့ဆုံမေးမြန်းခြင်း (Interviews) ကို အသုံးမပြုဘဲ၊ "စာပေနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အပြန်အလှန် လေ့လာခြင်း" (Cross-disciplinary approach of Textual and Archaeological Analysis) ကို အသုံးပြုထားပါသည်။ သုတေသန အချက်အလက် ခိုင်မာစေရန် (Triangulation) ပါဠိပိဋကတ်တော်များ (Primary Texts)၊ အိန္ဒိယနှင့် ဥရောပ ရှေးဟောင်းသုတေသန တူးဖော်မှု အစီရင်ခံစာများ (Excavation Reports) နှင့် မျက်မှောက်ခေတ် ပြတိုက်များ၏ ကမ္ပည်းစာ ဘာသာပြန်မှတ်တမ်းများ (Epigraphic Translations) ကို အပြန်အလှန် တိုက်ဆိုင်စစ်ဆေး၍ အချေအတင် သုံးသပ်မည် ဖြစ်ပါသည်။

ဓာတ်တော်မွေတော်များဆိုင်ရာ လေ့လာမှုများတွင် Kevin Trainor ၏ ရှုထောင့်သည် ထေရဝါဒဗုဒ္ဓဘာသာ၏ ရုပ်ဝတ္ထုယဉ်ကျေးမှုကို နားလည်ရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ Trainor သည် ဓာတ်တော်များကို သာမန်အရာဝတ္ထုများအဖြစ် မရှုမြင်ဘဲ မြတ်စွာဘုရားရှင်၏ "သက်ရှိထင်ရှားရှိနေမှု" (Living Presence) ကို ကိုယ်စားပြုသည့် သင်္ကေတများအဖြစ် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့ကြောင့် ဓာတ်တော်များ၏ သမိုင်းကြောင်းကို လေ့လာရာတွင် စာပေမှတ်တမ်းများသာမက ယင်းတို့အပေါ် ထားရှိသော ဘာသာဝင်တို့၏ သဘောထားကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။

အခြားတစ်ဖက်တွင် ရှေးဟောင်းသုတေသနနှင့် ကမ္ပည်းကျောက်စာ ပညာရှင်များဖြစ်ကြသော Gregory Schopen နှင့် Richard Salomon တို့သည် ကျမ်းဂန်လာ အချက်အလက်များနှင့် မြေပြင်လက်တွေ့ တွေ့ရှိချက်များအကြားရှိ ကွဲလွဲချက်များကို ဖော်ထုတ်ပြသခဲ့ကြပါသည်။ Schopen သည် "Epigraphic Record" (ကမ္ပည်းစာမှတ်တမ်း) များကို အခြေခံ၍ ဗုဒ္ဓဘာသာ သံဃာ့အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ ဓာတ်တော်လှူဒါန်းမှု ဓလေ့ကို သက်သေပြခဲ့ပါသည်။  အလားတူပင် Richard Salomon သည် တက္ကသီလာနှင့် ဂန္ဓာရဒေသရှိ ဓာတ်တော်ကြုတ်များပေါ်မှ ခရောသ္တီ (Kharosthi) ကမ္ပည်းစာများကို ဖတ်ရှုခြင်းဖြင့် သွားတော်ဓာတ်များစွာ ပျံ့နှံ့တည်ရှိခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများ တင်ပြခဲ့ပါသည်။

သို့သော်လည်း အနောက်တိုင်းပညာရှင်များ၏ ရှေးဟောင်းသုတေသန ရှုထောင့်များနှင့် မြန်မာ့ထေရဝါဒ ရိုးရာယုံကြည်မှုများကို ပေါင်းစပ်ညှိနှိုင်းထားသော မြန်မာဘာသာဖြင့် ရေးသားသည့် သုတေသနစာတမ်းမှာ ယနေ့တိုင် အားနည်းနေသေးသည်ကို တွေ့ရှိရပါသည်။ လက်ရှိ မြန်မာကျမ်းပြုပညာရှင်များသည် ရိုးရာကျမ်းဂန်လာ "သွားတော်လေးဆူ" မူဘောင်အတွင်း၌သာ အာရုံစိုက်လေ့ရှိပြီး၊ အိန္ဒိယနှင့် ဥရောပပြတိုက်များရှိ အထောက်အထားသစ်များကို ထည့်သွင်းစဉ်းစားရန် ကွက်လပ် (Gap) ဖြစ်နေပါသည်။ ဤသုတေသနသည် ထိုကွက်လပ်ကို ဖြည့်ဆည်းရန်အတွက် ပထမဆုံးသော မြန်မာဘာသာ သုတေသနကျမ်း ဖြစ်လာမည် ဖြစ်ပါသည်။

ဤသုတေသန၏ သဘောတရားရေးရာ မူဘောင်ကို "ရှုထောင့်သုံးခု ပေါင်းစပ်လေ့လာခြင်း ပုံစံ (Three-Lens Model)" ဖြင့် အောက်ပါအတိုင်း စနစ်တကျ တည်ဆောက်ထားပါသည်-

(၁) ထည့်သွင်းလေ့လာမည့် အချက်အလက်များ (Input Components): ပထမရှုထောင့် (Lens 1) အနေဖြင့် ပိဋကတ်တော်၊ အဋ္ဌကထာနှင့် ရိုးရာမှတ်တမ်းများတွင် လာရှိသော ဓာတ်တော်မွေတော်ဆိုင်ရာ အယူအဆများကို လေ့လာမည်ဖြစ်ပြီး၊ ဒုတိယရှုထောင့် (Lens 2) အနေဖြင့် မျက်မှောက်ခေတ် ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိချက်များ၊ ကျောက်စာ/ကမ္ပည်းစာများနှင့် ပြတိုက်မှတ်တမ်းများကို လေ့လာမည် ဖြစ်ပါသည်။

(၂) ခွဲခြမ်းစိတ်ဖြာမှု လုပ်ငန်းစဉ် (Process): ယင်းကွဲလွဲနေသော ရှုထောင့်နှစ်ခုမှ ရရှိလာမည့် အချက်အလက်များကို Creswell ၏ Qualitative Data Analysis နည်းစနစ် (Triangulation) ကို အသုံးပြု၍ အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အကြောင်းအရာအလိုက် နှိုင်းယှဉ်သုံးသပ်ခြင်း (Analytical Comparison) ပြုလုပ်မည် ဖြစ်ပါသည်။

(၃) ရလဒ် (Output Component): ခွဲခြမ်းစိတ်ဖြာမှု လုပ်ငန်းစဉ်များမှတစ်ဆင့် တတိယရှုထောင့် (Lens 3) အဖြစ် ဗုဒ္ဓဘာသာ ရုပ်ဝတ္ထုယဉ်ကျေးမှု (Buddhist Material Culture) ဆိုင်ရာ ရှုပ်ထွေးနက်နဲမှုများကို နားလည်သဘောပေါက်စေမည့် "အရည်အသွေးပြ ပေါင်းစပ်သုံးသပ်ချက် (A Qualitative Synthesis of Buddhist Material Culture)" တစ်ရပ်ကို ဖော်ထုတ်တင်ပြနိုင်မည် ဖြစ်ပါသည်။ ဤရလဒ်သည် ရိုးရာယုံကြည်မှု (Traditional Faith) နှင့် သိပ္ပံနည်းကျ သမိုင်းအထောက်အထားများ (Empirical Evidence) အကြား ပညာရပ်ဆိုင်ရာ ဟန်ချက်ညီညီ ပေါင်းကူးပေးနိုင်မည် ဖြစ်ပါသည်။




1.10 Conceptual Framework

ဤသုတေသန၏ သဘောတရားရေးရာ မူဘောင်ကို အဓိက အပိုင်း (၃) ပိုင်းဖြင့် တည်ဆောက်ထားသည်။ 

(၁) Doctrinal Lens (ဘာသာရေး သဘောတရားရှုထောင့်): မဟာပရိနိဗ္ဗာန သုတ်နှင့် ရိုးရာမှတ်တမ်းများပါ သွားတော် (၄) ဆူ အယူအဆ။ 

(၂) Empirical/Archaeological Lens (လက်တွေ့တူးဖော်မှု ရှုထောင့်): ASI နှင့် ပြတိုက်မှတ်တမ်းများအရ သွားတော်များစွာ ပျံ့နှံ့တည်ရှိမှု။ 

(၃) Analytical Synthesis (ပေါင်းစပ်ခွဲခြမ်းစိတ်ဖြာခြင်း): အဆိုပါ ရှုထောင့်နှစ်ခုကို ဟန်ချက်ညီစွာ ပေါင်းစပ်၍ မျက်မှောက်ခေတ် ထေရဝါဒ သမိုင်းအမြင်ကို ချဲ့ထွင်ခြင်း ဖြစ်သည်။

1.11 Research Methodology

This study employs a Qualitative Documentary Research design using a Multiple-Case Study approach. No In-Depth Interviews (IDI) or Focus Group Discussions (FGD) were conducted.

(ဤသုတေသနသည် အရည်အသွေးပိုင်းဆိုင်ရာ မှတ်တမ်းသုတေသန (Qualitative Documentary Research) အမျိုးအစားဖြစ်ပြီး စေတီတော် အများအပြားကို လေ့လာသော (Multiple-Case Study) နည်းစနစ်ကို အသုံးပြုထားသည်။ ဤသုတေသနတွင် လူပုဂ္ဂိုလ်များအား တွေ့ဆုံမေးမြန်းခြင်း (Interviews) နှင့် အုပ်စုဖွဲ့ ဆွေးနွေးခြင်း (FGD) များကို လုံးဝ ပြုလုပ်ထားခြင်း မရှိပါ။ အိန္ဒိယ ရှေးဟောင်း သုတေသနဌာန၏ တူးဖော်မှုမှတ်တမ်းများနှင့် ရိုးရာကျမ်းဂန်များကိုသာ အဓိက အခြေခံ လေ့လာထားပါသည်။)






1.12 Expected Benefits

ဤသုတေသနမှ အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဟု မျှော်မှန်းပါသည်- 

(၁) ပညာရပ်ဆိုင်ရာ အကျိုးကျေးဇူး (Academic Benefits): မြတ်စွာဘုရားရှင်၏ သွားတော်များနှင့် ပတ်သက်၍ ရိုးရာမှတ်တမ်းများနှင့် ခေတ်သစ် ရှေးဟောင်းသုတေသန အထောက်အထားများအကြား ကွာဟချက်ကို 'အမှားနှင့်အမှန်' ဟု အစွန်းရောက် မရှုမြင်ဘဲ၊ ပညာရပ်ဆိုင်ရာအရ "အပြန်အလှန် ဖြည့်ဆည်းမှု" အဖြစ် ဟန်ချက်ညီစွာ သုံးသပ်နိုင်သော မူဘောင်သစ်တစ်ခု (New Academic Paradigm) ကို ဖန်တီးပေးနိုင်ခြင်း။ 

(၂) လက်တွေ့ အကျိုးကျေးဇူး (Practical Benefits): မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မိမိတို့ ကိုးကွယ်ဆည်းကပ်နေသော ဓာတ်တော်မွေတော်များ အကြောင်းကို သဒ္ဓါတရားသက်သက်သာမက၊ သမိုင်းအထောက် အထား ခိုင်ခိုင်လုံလုံဖြင့် ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်လာနိုင်ခြင်း။ 

(၃) မူဝါဒရေးရာ အကျိုးကျေးဇူး (Policy Benefits): သာသနာရေးဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းများနှင့် ပြတိုက်များအနေဖြင့် ဗုဒ္ဓဘာသာ သမိုင်းဝင် စာအုပ်စာတမ်းများ ပြုစုရာတွင်ဖြစ်စေ၊ ပြခန်းများ ခင်းကျင်းပြသရာတွင်ဖြစ်စေ ဤသုတေသနပါ ချဉ်းကပ်မှုနည်းစနစ်ကို စံနမူနာ (Reference Guideline) အဖြစ် ထည့်သွင်း အသုံးပြုနိုင်ခြင်း။





No comments:

Post a Comment

Note: Only a member of this blog may post a comment.