Official Statement: Transition to Direct Research Dissemination
To our readers and research community,
The Hswagata Buddha Tooth Relics Preservation Private Museum has always been committed to the transparent, ethical, and evidence-based dissemination of our field research findings. We wish to clarify that our work has consistently adhered to all academic and digital community standards, and we have committed no violations of any Community Guidelines.
However, despite our commitment to maintaining a transparent scholarly environment, our website has been subjected to persistent, coordinated cyber-attacks. As an independent researcher conducting this work alongside academic responsibilities, the resources required for comprehensive enterprise-level digital security are currently beyond our capacity.
Given these challenges, we have made the difficult decision to cease updates to this website effectively immediately.
To ensure the continuity and security of our research, we will transition our dissemination strategy. Henceforth, our findings will be published exclusively through verified academic platforms, including ROR and ORCID, to maintain scholarly standards. Furthermore, we will shift to a direct-distribution model via a Newsletter system. We invite all our readers and supporters to register/sign up for our newsletter to receive direct updates and research publications.
We remain steadfast in our dedication to our research, despite these setbacks. We appreciate your continued understanding, support, and commitment to academic freedom as we navigate this transition.
Sincerely,
(Sao Dhammasami @ Bhikkhu Indasoma Siridantamahapalaka)
Founder/Researcher /Custodian of Relics
Office Of Siridantamahapalaka
The Hswagata Buddha Tooth Relics Preservation Private Museum
တရားဝင်ထုတ်ပြန်ချက် - သုတေသနရလဒ်များအား တိုက်ရိုက်ဖြန့်ဝေခြင်းစနစ်သို့ ပြောင်းလဲခြင်း
စာဖတ်သူများနှင့် သုတေသနအသိုင်းအဝိုင်းသို့ အသိပေးအပ်ပါသည်။
"သွာဂတ ဘုရားသွားတော်တိုက် ထိန်းသိမ်းစောင့်ရှောက်ရေး ပုဂ္ဂလိကပြတိုက်" အနေဖြင့် ကျွန်ုပ်တို့၏ မြေပြင်သုတေသနတွေ့ရှိချက်များကို ပွင့်လင်းမြင်သာစွာဖြင့် ပညာရပ်ဆိုင်ရာ ကျင့်ဝတ်နှင့်အညီ အစဉ်တစိုက် ထုတ်ပြန်ပေးခဲ့ပါသည်။ သုတေသီ၏ သုတေသနလုပ်ငန်းစဉ်များသည် ပလက်ဖောင်း၏ Community Guidelines (အသိုက်အဝန်းလမ်းညွှန်ချက်များ) ကို ချိုးဖောက်ခြင်း တစ်စုံတစ်ရာမရှိဘဲ စည်းကမ်းချက်များနှင့်အညီ တင်ပြခဲ့ခြင်းဖြစ်ကြောင်း အသိပေးလိုပါသည်။
သို့သော်လည်း မကြာသေးမီက သုတေသီ၏ ဝက်ဘ်ဆိုဒ်များမှာ အကြိမ်ကြိမ်အခါခါ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မမျှော်လင့်ထားသော ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား ကြုံတွေ့နေရပါသည်။ သုတေသနလုပ်ငန်းများကို ပညာရေးတစ်ဖက်ဖြင့် တစ်ဦးတည်းကသာကိုယ်တိုင်ဦးဆောင် လုပ်ကိုင်နေသည့် သုတေသီတစ်ဦးအနေဖြင့်၊ ထိုကဲ့သို့သော ခေတ်မီဒစ်ဂျစ်တယ် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်စနစ်များအတွက် လိုအပ်သော ငွေကြေးနှင့် အရင်းအမြစ်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းရန် များစွာအခက်အခဲရှိနေပါသည်။
ထို့ကြောင့် ယခုဝက်ဘ်ဆိုဒ်အား အပ်ဒိတ်လုပ်ခြင်းကို ယနေ့မှစ၍ ရပ်တန့်လိုက်ရမည်ဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါသည်။
သုတေသနလုပ်ငန်းများ ဆက်လက်ရှင်သန်ပြီး လုံခြုံစိတ်ချရစေရန်အတွက် ထုတ်ပြန်မှုပုံစံကို ပြောင်းလဲသွားမည်ဖြစ်သည်။ နောင်တွင် သုတေသနတွေ့ရှိချက်များကို Research Guide အစရှိသည့် ROR နှင့် ORCID ကဲ့သို့သော အတည်ပြုထားသည့် ပညာရပ်ဆိုင်ရာ ပလက်ဖောင်းများမှတစ်ဆင့်သာ တရားဝင် ထုတ်ပြန်သွားမည်ဖြစ်သည်။ ထို့အပြင် စာဖတ်သူများထံသို့ တိုက်ရိုက်ပေးပို့နိုင်မည့် Newsletter (သတင်းလွှာ) စနစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပါသည်။ သုတေသီ၏ သုတေသနများကို ဆက်လက်လေ့လာလိုသူများအနေဖြင့် Newsletter တွင် Register ပြုလုပ်ထားရှိရန် ဖိတ်ခေါ်အပ်ပါသည်။
ယခုကဲ့သို့ အခက်အခဲများရှိသော်လည်း သုတေသနတွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန်ပေးမည့်လုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ယခုကဲ့သို့ ဆုံးဖြတ်လုပ်ဆောင်ချက်များအပေါ် နားလည်ပေးမှုနှင့် ပညာရပ်ဆိုင်ရာ လွတ်လပ်မှုအတွက် အားပေးကူညီမှုများအတွက် ကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်၊
သုတေသီ

No comments:
Post a Comment
Note: Only a member of this blog may post a comment.